ဒီနေ့ချက်စားထားတာပါ။စပ်စပ်လေးနဲ့ တော်တော်ကောင်းပါတယ်။ ဘာတွေလဲဆိုတော့ ကညွတ်ကြော် ကြက်သားအစပ် ကြော် တို့စရာ လေးတွေပါ။ ဘာချက်ရမှန်း စဉ်းစားနေတုန်း ကြက်သားပဲရှိတာသိလို့ အပြောင်းအလဲလေးဖြစ်အောင် အစွမ်းကုန် စပ်အောင်ချက်ပစ်လိုက်တယ်။ ချက်နေရင်းအရမ်း ညော်ပြီးလူလဲမွှန်ထူ သွားတာပဲ။ စားလို့တော့အတော်ကောင်းတယ် ထမင်း၂ပန်းကန် ကုန်သွားတယ်။ ငရုတ်သီးဘတ်လေးတွေကိုထမင်းနဲ့နယ်သံပုရာသီးညစ်အတို့လေးနဲ့စားအလွန်ကောင်းပါ၏။ မုန်လာ နီ ကလည်း ချို baby butter head ကလည်း ကောင်း နဲ့ ထမင်းစား လို့အလွန်ကောင်း ပါကြောင်း။
ပီတူလေးစာရေးနေပါသည်
Wednesday, 21 December 2011
စားချင်စရာ
Friday, 16 December 2011
Kanebo Skin Care အသားအရေ ထိန်းသိမ်းခြင်း(အသားဖြူချင်သူများအတွက်)
ဒါလေးက Kanebo (Blanchir Superior) brand ဖြစ်ပါတယ်။ အသားအရေ အဆီပြန်သူတွေနဲ့ သင့်တော်ပါတယ်။ whitening product series ဖြစ်လို့ အသားကိုသိသာစွာ ဖြူစေပါတယ်။အမည်းစက်တွေလည်း နဲနဲချင်း ပျောက်ကုန်ပါတယ်။
ပီတူကတော့ air con ခန်းထဲမှာ အလုပ်လုပ်ရပြီး ပင်ကိုအသားအရေ ကပါ dry skin ထဲပါလို့ ဆက်မသုံးတော့ပဲ အဆီပြန် အသားအရေ ပိုင်ရှင် ချစ်သူကိုပဲ အနိုင်ကျင့် ပြီး ယူခိုင်းကာ နောက်ထပ် skin care တခုနဲ့ လဲသုံးပါတယ်။ သူကတော့ သူ့အသားတွေဖြူလာတယ် ဆိုပြီး ပျော်နေလေရဲ့။ နောက်တောင်အဲ့ဒါပဲ သုံးတော့မယ်ဆိုပဲ
Thursday, 15 December 2011
ရူးရူးမိုက်မိုက်
ဒီတစ်ခါတော့ ခုခေတ်ကလေးတွေ အကြောင်း ပြောရဦးမယ်။ ဝမ်းကွဲညီမလေးသည်အလွန်ရီးစားများသူ ဖြစ်သည်။ သူ့အဖေ ဦးလေးသည်လည်း တော်တော်ထိန်း ရလေသည်။ နောက်ဆုံးတော့ ကောင်လေး ၁ယောက်ကိုအလွန်ကြိုက် လေရာတစ်ခါတည်းခိုးရာလိုက်လေတော့သည်။ သူ့ကို လူကြီးတွေက ဒီကောင်လေးနဲ့ဆို သဘောမတူဟုပြောထားပြီးဖြစ်သည်။ အချစ်ရဲ့ဆွဲအားကြောင့်ခေါ်မလား ပါသွားလေ တော့သည်။
ညီမလေးက ၂၃လောက်ပဲရှိလေရာကောင်လေးလဲ အဲ့လောက်ပဲရှိဦးမယ်။ ကောင်လေးသည်အလုပ်မယ်မယ်ရရရှိသူမဟုတ်ချေ။ပေါ်ပင်အလုပ်လို့ခေါ်ရမလား၂လုံး ၃လုံး ကော်မရှင်ကိုင်သည်။အရမ်းအန္တာရာယ်များသည့်အလုပ်ဖြစ်သည်။ပညာကလဲအလုပ် လုပ်စားရလောက်အောင် ဟုတ်တိပတ်တိမဟုတ်။ညီမလေးကတော့ မေဂျာ တစ်ခုနဲ့ကျောင်းပြီးထားသည်။ ကျောင်းပြီးတိုင်းလည်း အလုပ်အာမခံချက်ံ်မရှိလေရာအရင်းအနှီးမရှိရင်တင့်တင့်တယ်တယ်လုပ်စားဖို့ မလွယ်လှပေ။
ဇာတ်လမ်းကတော့စလေပြီ။ ဘယ်လိုဆက်စခန်းသွားရမယ်မသိ။လူကြီးတွေကလည်းမခေါ် ဒုက္ခ လှလှသည် စောင့်ဆိုင်း နေလေတော့သည်။ ပီတူ ထင်တာကတော့ လူကြီးတွေက အခေါ်အပြောရှိသင့်သည်ထင်သည်။ ဘယ်သူနဲ့ပဲယူယူ ကိုယ့်သမီးပဲဟာ ဟုတ်ဘူးလား။ တော်ကြာ ကောင်လေးဘက်မှာ ညီမလေး မျက်နှာငယ်နေမှာစိုးသည်။ စိတ်ညစ်ရင်တောင် ပြန်ပြောပြစရာသူ မရှိမှာစိုးသည်။ဘဝခါးခါး မကြုံစေချင်ပါ။ လူကြီးတွေမြန်မြန်ပြန်ခေါ်ပြီး နွေးထွေးစွာ ကြိုဆိုပါစေလို့ ဆုတောင်း လျှက်။
ဒုက္ခဆိုတယ့် လှိုင်:တွေကြားမှာ သဲပေါ်က အချစ်ပျောက်သွားမှာစိုးတယ်
Wednesday, 14 December 2011
ဘယ်သူနဲ့တူလဲ
ပီတူကိုငယ်ငယ်တုန်းကအဖေနဲ့ရုပ်ချင်းဆင်သည်ဟုပြောသည်။ကြီးလာတော့အမေနဲ့ဆင်တယ်လို့ပြောသည်။ပီတူကအမေကပိုချောသည်ထင်လို့အမေနဲ့တူချင်သည်။
အဖေသည်အလုပ်ကိုဇွဲရှိပြီးကြိုးစားသူဖြစ်သည်။ပီတူတို့ငယ်ငယ်တုန်းကအကြီးအကျယ်စီးပွားပျက်ခဲ့ဘူးသည်။အဖေသည်လဲကျပေမယ့်ပြန်ထနိုင်ခဲ့သည်။သူ၏အလုပ်ပေါ်ဂရုစိုက် ပြီးတစိုက်မတ်မတ် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။အခုထိလဲသမီးဆီကိုလာတောင်မလည်ပဲအလုပ်ကိုဖက်တွယ်နေသူဖြစ်သည်။
ပီတူအမေကလည်းဆရာမကြီးဖြစ်သည်(ဘက်စုံတော်သူ)။အဖေသည်စီးပွားကလွဲပြီး ဘာမှပြန်လှည့်ကြည့်စရာမလိုပေ။သားသမီးရေး၊လူမှုရေး၊ကျန်းမာရေး၊အစားအသောက်ကအစ စီးပွား ရေး အထိ ဝင်ရောက်လုပ်ကိုင်နိုင်သည်။ဆက်ဆံရေးလဲပြေပြစ်သူဖြစ်သည်။
ပီတူကတော့ ဘယ်သူနဲ့မှမတူလောက်အောင်ကိုပဲညံ့ပါသည်။ ဇွဲလည်းမရှိဆက်ဆံရေးလဲကောင်းသူမဟုတ်ပါ။ ယောင်လည်လည် နဲ့ ယောင်ခြောက်ဆယ် ပေါင်းထားသူဖြစ်ပါသည်။ တော်သေးတာက ပီတူမှာ အလုပ်ရှိလို့ဖြစ်ပါသည်။မရှိများမရှိရင်တော့ အဖေအမေလုပ်စာထိုင်စားရဦးမယ်။ ကိုယ့်ဘာသာစ်တမ်းထုတ်ပြီး ကိုယ်ပိုင်အရည်အချင်းဆိုတာ မျိုးရိုးကဆင်းသက်လာတာမဟုတ်ပါလားလို့ သိလိုက်ရပြီး ကိုယ့်ဘာသာကြိုးစားမယ်လို့ဆုံးဖြတ်ပြီး သကာလ...................ခေါ ခ လော ခေါ