Friday, 16 December 2011

Kanebo Skin Care အသားအရေ ထိန်းသိမ်းခြင်း(အသားဖြူချင်သူများအတွက်)

ဒီ skin care product လေးအကြောင်း ပြောပြ ပါရစေ။ပီတူ မစူးစမ်း မဆင်ခြင် နဲ့ဝယ်လိုက်လို့ သူများတွေလည်း ကိုယ့်လို မဖြစ်ရလေအောင် ပြောပြခြင်း ဖြစ်ပါတယ်။ မကောင်းလို့တော့ မဟုတ်ပါဘူး။ သူကောင်းတာ ကိုယ်နဲ့ အဆင်မပြေ တာပါ။ အသားက နဂိုကတည်း ကခြောက် တာကို ဒါလေးသုံးလိုက်တော့ ပိုခြောက်သွားရော။ Japan လိုမှ မတက်တာ ရမ်းဝယ်တာကို။ kanebo ဆိုတာနဲ့ ရွစိ ရွစိ ဖြစ်နေတာလေ။
ဒါလေးက Kanebo (Blanchir Superior) brand ဖြစ်ပါတယ်။ အသားအရေ အဆီပြန်သူတွေနဲ့ သင့်တော်ပါတယ်။ whitening product series ဖြစ်လို့ အသားကိုသိသာစွာ ဖြူစေပါတယ်။အမည်းစက်တွေလည်း နဲနဲချင်း ပျောက်ကုန်ပါတယ်။

ပီတူကတော့ air con ခန်းထဲမှာ အလုပ်လုပ်ရပြီး ပင်ကိုအသားအရေ ကပါ dry skin ထဲပါလို့ ဆက်မသုံးတော့ပဲ အဆီပြန် အသားအရေ ပိုင်ရှင် ချစ်သူကိုပဲ အနိုင်ကျင့် ပြီး ယူခိုင်းကာ နောက်ထပ် skin care တခုနဲ့ လဲသုံးပါတယ်။ သူကတော့ သူ့အသားတွေဖြူလာတယ် ဆိုပြီး ပျော်နေလေရဲ့။ နောက်တောင်အဲ့ဒါပဲ သုံးတော့မယ်ဆိုပဲ

No comments:

Post a Comment