Wednesday, 14 December 2011
ဘယ်သူနဲ့တူလဲ
ပီတူကိုငယ်ငယ်တုန်းကအဖေနဲ့ရုပ်ချင်းဆင်သည်ဟုပြောသည်။ကြီးလာတော့အမေနဲ့ဆင်တယ်လို့ပြောသည်။ပီတူကအမေကပိုချောသည်ထင်လို့အမေနဲ့တူချင်သည်။
အဖေသည်အလုပ်ကိုဇွဲရှိပြီးကြိုးစားသူဖြစ်သည်။ပီတူတို့ငယ်ငယ်တုန်းကအကြီးအကျယ်စီးပွားပျက်ခဲ့ဘူးသည်။အဖေသည်လဲကျပေမယ့်ပြန်ထနိုင်ခဲ့သည်။သူ၏အလုပ်ပေါ်ဂရုစိုက် ပြီးတစိုက်မတ်မတ် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်သည်။အခုထိလဲသမီးဆီကိုလာတောင်မလည်ပဲအလုပ်ကိုဖက်တွယ်နေသူဖြစ်သည်။
ပီတူအမေကလည်းဆရာမကြီးဖြစ်သည်(ဘက်စုံတော်သူ)။အဖေသည်စီးပွားကလွဲပြီး ဘာမှပြန်လှည့်ကြည့်စရာမလိုပေ။သားသမီးရေး၊လူမှုရေး၊ကျန်းမာရေး၊အစားအသောက်ကအစ စီးပွား ရေး အထိ ဝင်ရောက်လုပ်ကိုင်နိုင်သည်။ဆက်ဆံရေးလဲပြေပြစ်သူဖြစ်သည်။
ပီတူကတော့ ဘယ်သူနဲ့မှမတူလောက်အောင်ကိုပဲညံ့ပါသည်။ ဇွဲလည်းမရှိဆက်ဆံရေးလဲကောင်းသူမဟုတ်ပါ။ ယောင်လည်လည် နဲ့ ယောင်ခြောက်ဆယ် ပေါင်းထားသူဖြစ်ပါသည်။ တော်သေးတာက ပီတူမှာ အလုပ်ရှိလို့ဖြစ်ပါသည်။မရှိများမရှိရင်တော့ အဖေအမေလုပ်စာထိုင်စားရဦးမယ်။ ကိုယ့်ဘာသာစ်တမ်းထုတ်ပြီး ကိုယ်ပိုင်အရည်အချင်းဆိုတာ မျိုးရိုးကဆင်းသက်လာတာမဟုတ်ပါလားလို့ သိလိုက်ရပြီး ကိုယ့်ဘာသာကြိုးစားမယ်လို့ဆုံးဖြတ်ပြီး သကာလ...................ခေါ ခ လော ခေါ
Subscribe to:
Post Comments (Atom)
8 pyaw thwar par thee :)
ReplyDelete