Thursday, 15 December 2011

ရူးရူးမိုက်မိုက်


ဒီတစ်ခါတော့ ခုခေတ်ကလေးတွေ အကြောင်း ပြောရဦးမယ်။ ဝမ်းကွဲညီမလေးသည်အလွန်ရီးစားများသူ ဖြစ်သည်။ သူ့အဖေ ဦးလေးသည်လည်း တော်တော်ထိန်း ရလေသည်။ နောက်ဆုံးတော့ ကောင်လေး ၁ယောက်ကိုအလွန်ကြိုက် လေရာတစ်ခါတည်းခိုးရာလိုက်လေတော့သည်။ သူ့ကို လူကြီးတွေက ဒီကောင်လေးနဲ့ဆို သဘောမတူဟုပြောထားပြီးဖြစ်သည်။ အချစ်ရဲ့ဆွဲအားကြောင့်ခေါ်မလား ပါသွားလေ တော့သည်။

ညီမလေးက ၂၃လောက်ပဲရှိလေရာကောင်လေးလဲ အဲ့လောက်ပဲရှိဦးမယ်။ ကောင်လေးသည်အလုပ်မယ်မယ်ရရရှိသူမဟုတ်ချေ။ပေါ်ပင်အလုပ်လို့ခေါ်ရမလား၂လုံး ၃လုံး ကော်မရှင်ကိုင်သည်။အရမ်းအန္တာရာယ်များသည့်အလုပ်ဖြစ်သည်။ပညာကလဲအလုပ် လုပ်စားရလောက်အောင် ဟုတ်တိပတ်တိမဟုတ်။ညီမလေးကတော့ မေဂျာ တစ်ခုနဲ့ကျောင်းပြီးထားသည်။ ကျောင်းပြီးတိုင်းလည်း အလုပ်အာမခံချက်ံ်မရှိလေရာအရင်းအနှီးမရှိရင်တင့်တင့်တယ်တယ်လုပ်စားဖို့ မလွယ်လှပေ။

ဇာတ်လမ်းကတော့စလေပြီ။ ဘယ်လိုဆက်စခန်းသွားရမယ်မသိ။လူကြီးတွေကလည်းမခေါ် ဒုက္ခ လှလှသည် စောင့်ဆိုင်း နေလေတော့သည်။ ပီတူ ထင်တာကတော့ လူကြီးတွေက အခေါ်အပြောရှိသင့်သည်ထင်သည်။ ဘယ်သူနဲ့ပဲယူယူ ကိုယ့်သမီးပဲဟာ ဟုတ်ဘူးလား။ တော်ကြာ ကောင်လေးဘက်မှာ ညီမလေး မျက်နှာငယ်နေမှာစိုးသည်။ စိတ်ညစ်ရင်တောင် ပြန်ပြောပြစရာသူ မရှိမှာစိုးသည်။ဘဝခါးခါး မကြုံစေချင်ပါ။ လူကြီးတွေမြန်မြန်ပြန်ခေါ်ပြီး နွေးထွေးစွာ ကြိုဆိုပါစေလို့ ဆုတောင်း လျှက်။

ဒုက္ခဆိုတယ့် လှိုင်:တွေကြားမှာ သဲပေါ်က အချစ်ပျောက်သွားမှာစိုးတယ်


No comments:

Post a Comment